Saturday, February 9, 2013

စွန့်လွှတ်မှုရဲ့နောက်ကွယ်




ထားသွားပါ ကျွန်တော်ကို
စွန့်သွားပါ ကျွန်တော်သံယောဇဉ်တွေကို
မေ့ပြစ်လိုက်ပါ ကျွန်တော်မေတ္တာတွေကို
ချန်ရစ်ထားခဲ့ပါ နင့်ရဲ့ အမုန်းတွေကို
ယုံကြည်လိုက်ပါ နင့်ရဲ့ကြိုးစားမှုတွေကို
နင့်ရဲ့ဥပေက္ခာတွေကို
ကျွန်တော်နှလုံးသားရဲ့လွန်ပြင်လွှာမှာ စွန့်ကြဲသွားလိုက်ပါ
ပျော်ရွှင်ခြင်မနက်ဖြန်များစွာကို ယူဆောင်သွားလိုက်ပါ
သတိရတမ်းတခြင်းနေသစ်များစွာကို မွေးဖွားပေးခဲ့ပါ
အောင်မြင်မှုပန်းတိုင်ဆီ လှမ်းနေတဲ့နင့်ရဲ့ခြေထောက်တွေ
မြင်နေရလို့ကျွန်တော်ခံစားရတဲ့ဝေဒနာတစ်ချို့အေးခဲသွားပါပြီ
အောင်မြင်မှုဆီရောက်ပြန်ရင်လည်း သတိရတမ်းတခြင်းများစွာအတွက်
ထိုက်တန်ပါတယ်လို့ ရိုသားစွာခံယူထားပါတယ်
ကျွန်တော်အတွက်ဘာမှ ထည့်မတွက်ပါနဲ့
ကျွန်တော်အတွက်နဲ့ နင့်ရဲ့ခြေလှမ်းတွေ နှေးကွေးသွားမှာကိုလည်း
မမြင်လိုဘူး ရပ်တန့်ဖိုဆိုမတွေးဝင့်စရာပေါ့
လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀အောင်မြင်တိုးတက်ဖို့
ကြိုးစားနေတဲ့အချိန်မှာသံယောဇဉ်ဆိုတာတွေကို
အနှောင့်အယှက်လို့ယူဆသင့်သလား…
ငါ့ကိုရောဟင်…။
လူတစ်ယောက်မှာသံယောဇဉ်ဆိုတာ
သိတက်တဲ့အရွယ်ကစပြီးသေဆုံးတဲ့အရွယ်ထိ
အမြဲရှိနေတဲ့အရာတစ်ခုပဲဟာ။
လွန်လွန်ကျူးကျူးမထားမိသမျှကာလပတ်လုံး
ဘာနှောက်အယှက်မှ မရှိဘူး။
ပိုင်ဆိုင်လိုစိတ်နဲ့ထားတဲ့သံယောဇဉ်မျိုးကတော့
အောင်မြင်ဖို့ကြိုးစားနေချိန်မှာအနှောက်အယှက်နည်းနည်း
ဖြစ်ချင်ဖြစ်နိုင်တာပေါ့။
ဒါပေမယ့်
နင့်အပေါ်မှာထားတဲ့ သံယောဇဉ်ကဒီလိုမဖြစ်နိုင်ပါဘူးဟာ။
သံယောဇဉ်ဖြူဖြူလေးဆိုတာနင်ယုံပါ။
မမြင်နိုင်တဲ့ ကံကြမ္မာအတွက်မမြင်နိုင်တဲ့သံယောဇဉ်တွေ
ခိုင်မာစွာရစ်ပါတ်မထားတဲ့ကျွန်တော်အဖို့တော့
လမ်းခွဲခြင်ဆိုတာ မဆန်းပါဘူး။
ရွှေမင်းသားလေး

No comments:

Post a Comment