Tuesday, March 12, 2013

“ခြေချခွင့်ပြုတဲ့ နှလုံးသားနယ်မြေ”



ကဗျာဆန်တဲ့ အလှနဲ့
ငါ့ရဲ့ ရင်ဘက်ထဲဝင်လာတာ
နင်ရိုးရိုးလေးပါ…။
ဖြတ်သန်းခဲ့ရတဲ့
နေရက်များစွာထဲက
ရင်ခုန်ခြင်းဆိုတာကို
နင်သင်ပေးလိုက်လို့
ငါသိခဲ့ရတာပါ…။
နှလုံးသားနယ်မြေမှာ
ခြေချခွင့်ပြုတဲ့နင့်ကို
ငါကျေးဇူးတင်ပါ့ရစေ….။
နင်မပေးဘဲ
ငါပိုင်ဆိုင်လိုက်ရတဲ့
ချစ်ခြင်းတရားတွေက
ရင်ဘက်လေုးလိုက်တာ
အချစ်ဆိုတဲအရာကို
မခံစားတက်ခင်က
အချစ်ကို
ငါပြက်ရယ်ပြုခဲ့ဘူးတယ်
နင်နဲ့မတွေ့ခင်အထိပေါ့…။
မောင်မျိုးနိုင်

No comments:

Post a Comment