ကိုယ်မှာ
အတောင်တစ်စုံသာရှိခဲ့ရင်
ပြီးတော့
ကိုယ်ဟာ အမွေးအတောင်စုံလင်တဲ့
ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့ရင်
သေချာတယ်
မင်းရှိတဲ့အရပ်ဆီကို ပျံသန်းလာခဲ့မှာပါ….။
ဒီလို အတွေးတွေဟာ
လေလွင့်အတွေးတွေပါ
အိမ်မက်တွေဆိုလည်း
မမှားဘူးပေါ့
ကိုယ်ရဲ့အိမ်မက်ထဲ့မှာတော့
သီးခြားကိုယ်ပိုင်
ကမ္ဘာလေးတစ်ခုပေါ့
အိမ်မက်မှ
နိုးထလာတော့
ကိုယ်ဘယ်ရောက်နေတာလဲ
အဲဒါက မထူးဆန်းပါဘူး
ထူးဆန်းတာက
ကိုယ်ဘေးမှာမင်းမရှိဘူး…။
မောင်မျိုးနိုင်
No comments:
Post a Comment