Tuesday, March 12, 2013

“ day by day ”



ချစ်လာမိတော့လည်း ဖြစ်လာမည်အကြောင့်အရာတွေကိုတွေးပြီးမပူမိတာလဲ အချစ်ရဲ့သတ္တိတွေထင်ပါရဲ့
တကယ်ဆိုရင် ရင်ထဲကစကားကို ရင်ထဲမှာပဲရှိသင့်တာပေါ့ ဒါပေမဲ့ ထိမ်းမရတဲ့ Mind ခံစားရတဲ့ဝေဒနာ
တွေက  day by day ပိုဆိုးလာတော့ ဖြစ်ခြင်ရာဖြစ်ဆိုတဲ့ အတွေးနဲ့ဒီစာကိုရေးစပ်မိခြင်းပါ ဒီစာတွေကြောင့်မင်းလေးကိုစိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရင် ဒို့ကိုခွင့်လွှတ်ပါ
စွဲလမ်းစွာအရှုးအမှုးချစ်နေမိတာကို မင်းလေးကိုသိစေချင်တယ်
ချစ်မိပြီဆိုတော့လည်း တွယ်တာမှုတွေနဲ့ ဝေးနေချိန်လေးမှာ အလွမ်းသီးချင်းတွေနားထောင်နေရအုံးမယ်
မင်းနဲ့ဒို့တွေ့ခဲ့ဆုံခဲ့ကြရင် အပြုံးတွေနဲ့အမုန်းကျေးဆိုတဲ့ သံယောဇဉ်စကားကိုလဲ နှစ်ကိုယ်ကြားပြောချင်တယ် But ဘ၀ဆိုတာကြီးက အချစ်ကိုကန့်သတ်ထားတယ် ဒို့ရဲ့ရင်ထဲက နှလုံးသားကိစ္စကိုဘယ်လိုဖေါ်ထုတ်ဝန့်မှာလဲ
ဘယ်လိုပြောရက်ပါ့မလဲ
ဒို့ဘ၀နဲ့ဒို့ရှိပါစေတော့
မင်းလေးရဲ့အချစ်ကိုရဖို့ ဒို့နှလုံးသားကိုအသက်သွင်းရအုံးမယ် အလွမ်းတွေနဲ့လည်း မိတ်ဖွဲ့ရအုံးမယ်
ကံကြမ္မာအကြောင်းလှလို့ ပြန်လည်ဆုံဖြစ်ကြရင် လောကအလယ်မှာဒေါန စံပယ်ပန်းလေးငိုသွားလောက်အောင် ပြုံးပြလိုက်စမ်းပါ
မင်းလေးရဲ့အပြုံးအောက်မှာ ဒို့နှလုံးသားက ရဲ့ဝဲ့စွာ တိုက်ပွဲဝင်ချင်လို့ပါ …ချစ်သူ။


No comments:

Post a Comment